သမိုင်း
ကိုယ့်ကိုယ်ကိုယ်မကာကွယ်နိုင်တဲ့ ကိုယ့်တိုင်းပြည်ဟာ အရူးမချောချော
တစ်ယောက်လို
အဲဒီဒင်္ဂါးက ၁၉၄၈မှာ ကလစ်တယ်
ဇန်န၀ါရီတစ်မနက်ခင်းကျတော့ ဗြိတိသျှမင်းများ အဟောင်းတန်း
ဖြန့်ခင်းသွား
ကျွန်တော်က မြန်မာစစ်တပ်ရဲ့တုန်တုန်ယင်ယင်အီဒီယမ်တစ်ခု
ပြည်သူကို ဆိုဖာဆိုပြီး ၁၉၆၂ မှာ ထိုင်ချခဲ့
၁၉၇၄ ကျ
ထိုင်ခုံအစွပ်တပ်တယ်
ဒီနိုင်ငံရဲ့မျက်မှန်မှာ ငြီးငွေ့မှုငွေ့ရည်ရိုက်နှက်ပြီးတဲ့နောက်
wheelchair ပေါ်က ၁၉၈၈ ကို အမြောက်မှာတပ်ပြီး
တောတက္ကသိုလ်ထဲ
ပစ်ပြတယ်
ဒစ်ခ်ရှန်န်ရီ *အစိမ်းကလွဲကျန်တာအကုန်လွဲတယ်
၂၀၁၀အီးမေးလ်ဟာ မွဲတေမှုဖော်မလင်လမ်းကို ပွတ်သပ်
KTV တိုင်းမှာ ကော်ဇောအနီခင်းခိုင်းတယ်
၂၀၁၅သတင်းစာက ငါမခံနိုင်တဲ့ မင်စော်နံ့ နံ
ဖိနပ်ချုပ်သမားက ပြောတယ် ခြင်္သေ့တွေကို ငါမယုံဘူး
သူတို့ချစ်မှုပြုတာ ကြာပြီဆိုတော့ အရင်ဘ၀ဇိမ်ခန်းထဲကလိုတောင်ဖြစ်နေပြီ
ဖုန်အလိမ်းလိမ်းနဲ့ကျွန်တော့်တို့နိဗ္ဗာန်ဘုံကို
အနည်းငယ်မြှင့်ချီ
လိုက်ြကပါစို့်ရဲ့
ဒီမိုကရက်တစ်ဆေးခြောက်သမားကျောပေါ်မှာ
သူတော်စင်လူဝန်တွေ
အူကြစေသတည်း။ ။
ခိုင်မြဲကျော်စွာ
၂၁- ၇ - ၂၀၁၅
( Dictionary*
)