Monday, August 24, 2015

ringtone



ringtone

ဖောက်သည် ၁၀၀ ရှာနည်းစာအုပ်လှမ်းယူလိုက်တော့  မာရ်နတ်ရဲ့နတ်သမီး
ရုပ်ပုံနဲ့ ။
ကိုယ်အကဲဆတ်လွန်းတာ ဆောရီးပဲ ။
အဲဒါ ။ ငါ့ခွေးပေါက်စလေး မဟုတ်သေးဘူး ။
သူမဖုန်းဟာ Yes လို့ အမြဲတမ်းမြည်တဲ့ringtone နဲ့။
အဲဒါ ။ ငါ့အသက်မှာတော့ နာကျင်မှု ။

မယုံကြည်တဲ့ ဂျူရီ ၁၂ ယောက် မလိုဘူး ။
ကောင်မလေးဟာ  အသားထုတ်လုပ်ရေးK okစက်ရုံက အလုပ်သမ ။
ကိုယ့်မှာ
မြေခွေးခန်းဆိုဖာထက်က ပြေးကောက်ထွေးပွေ့မယ့်သူ ။ ဆေးတပ်သား ။
ringtone
ကတော့  အပြာရောင်သင်တုန်းဓါးနဲ့။

အပိုင်မရတဲ့ကိုယ်ကာယအတွက် ဆောရီးပါ ။
မင်းခန္ဒာကိုယ်ဟာ ရေကူးကန်ဖြစ်တယ် ။
ငါက
ရူးနှမ်းနေတဲ့  ငါး ။
မမောတမ်းကူးခတ်ချင်လိုက်တာ  မြစ်ကြီးနားမြစ်ဆုံ
ရောက်တဲ့ အထိ ။
နယ်ခြားမှတ်တိုင်နီးရင်  ပြောပါ ။
မင်းringtone ပေါ်  ကျရောက်မယ့်  ငါ့ဗုံးများအတွက်
လျော်ကြေးဘယ်လောက်ကျသင့်မလဲ ။ ဆိုတာ ။

မနက်လေးနာရီထိ   ဆိုးလ်အခန်းမှာ  မင်းသက္ကာယကျကွဲတယ် ။
အနမ်းကာအကျီ င်္
ယူမလား ။ K ok သီချင်းဆီက ညှော်နံ့ထွက်ကျလာပြီလား ။
ကြက်သွန်ဖြူမဖြစ်စလောက်လေး ထည့်ထားတဲ့ပိုက်ဆံကိတ်တိုင်း
မင်း ကြိုက်နှစ်သက်တာ ။
ဝင်သက်ထွက်သက်မှာ  Yes လို့ အမြဲတမ်း
မြည်တယ်။
ပြာနှမ်းခြင်းလို့ ကိုယ်ယူဆတယ်။

တော်ဝင်စင်တာက ဥသြလှမ်းဆွဲတယ် ။
ရှင်အခု
အားလား ။
မိသားစုသံလမ်းပေါ်ပျက်နေတဲ့  မော်တော်ကား ။
အားရင် ကိုင်ထား  ။ကျမ ဘရိတ်အုပ်
လိုက်
မယ် ။ ငါ လေယာဉ်ပျံပေါ်ကခုန်ချလို့မှမရတာ ။
ရှင်မအားရင်  ကျွန်မringtone ကိုခေါက်သိမ်းပြီး ပြန်မယ် ။
ငါ သောက်သုံးကျလို့ မရတော့ဘူး။  



သွားကြားထဲခိုးညပ်ချင်တဲ့ ချောကလက်ရေ ။
ဖန်ခွက်ထဲက၀ိုင်ကို  မင်းရင်သားပေါ်  မှောက်
ချလိုက် ။
သူတော်စင်တွေက ကောင်းမှုရဲ့အရာရှိပဲ ။ 
ခေါင်းစဉ်ကို  သူတို့သေးသေးလေးပဲ
ဖတ်ကြည့်တဲ့အခါ ။
ringtone မြည်သံမှာ  ငါတစ်ယောက်ထဲ
သောက်စားပစ်လိုက်မယ် ။

ဘ၀င်မြင့်တယ်ဆိုတာ ငါအနှစ်သက်ဆုံး မကောင်းမှု ။
မင်းခေါင်းအုံးက ဖာရိုဘုရင်ကိုတူးဖော်မိသလောက်အမြင့်ကြီး
မလိုအပ်ဘူး ။
ဖုန်း က
Yes လို့ အမြဲတမ်းမြည်တမ်းတယ် ။
နောက်ထပ် ringtoneအသစ်သာ  သဒ္ဒါစည်းကမ်းလို့
ပြောသူ။
ကိုယ့်စင်ဒရဲလားမီးပွိုင့်ကို
စိမ်းအောင်လုပ်ပေးပါလား  မင်းသားလေးမြတ်မွန် ။       

ခိုင်မြဲကျော်စွာ
၁၃ - ၄ ၂၀၁၅



No comments:

Post a Comment