ဆူးလေမှာ မီးပူတိုက်ခြင်း
ငါဟာ အလျင်စလိုစွပ်စွဲတာလည်း ဖြစ်နိုင်တယ် ။
ရေလွှာလျှောစီးကွင်းကရေတွေ အကုန် သောက်ပစ်လိုက်တယ်
လို့ ။
ငါ အဆောက်အအုံလွန်ဝါဒီအသစ် ငှားမယ်ဆိုတာ။
ငါ့ကြောင်မလေးအိန္ဒြာရဲ့လက်တစ်ဖက်ကို သူတို့ခိုးယူဖူးလို့
ပေါ့ ။
ပျင်းဖို့ကောင်းတဲ့
ပြည်သူ့ရင်ပြင်နဲ့ ။
လွယ်ကူတဲ့ရူပကသုံးတဲ့ ပိုက်ဆံအိတ်အတွက် ။
မြေနီကုန်းမီးပွိုင့်တိုက်ပွဲမှာ
နှစ်နာရီကြာ ကျဆုံးရ ။
အညတရကျဆုံးသူတွေနဲ့ငါ့စိတ်ကို ကားခေါင်မိုးများတလျှောက်အလေးပြုရရင်
မုတ္တမပင်လယ်ကွေ့ကမ်းစပ်နား ရောက်သွားမယ့် အတိုင်းပဲ။
ပြည်လမ်းပင်လယ်ထဲမှာ
ကျား
ရစ်ချက်ပါကား နဲ့ တစ်ယောက်ချင်းတွေ့တဲ့
Pi ပါ။
ဟယ်လ်ပင်ကျော်ရင်
အုတ်ရောင်နီနီနဲ့ ကိုလိုနီခေတ်ရုံးမှတ်တိုင်
ရောက်မယ် ။
အရင်တုန်းကတော့ သံတဲလေးမှာ
ဗိုလ်တွေခြေပစ်လက်ပစ်ထိုင်တယ်လို့
ပြောကြ
။
တော်ဝင်စင်တာဘက်ကို အန်ထုတ်တယ်
။
ကဗျာနာပေါက်တဲ့ငါ့မျက်နှာကို Branded တံဆိပ်ကပ်ပြီး
ဆဲဆိုခိုင်းဦးမယ် ။
ဒေါ်လာစက္ကူအကြွေတွေပဲရခဲ့မယ့် ရေနံရုံးဟောင်းကြီးရေ
သရုပ်မှန်စုံထောက်ဝထ္ထုထဲကလို ဆက်သွားချင်ပေမယ့်
ငါ တကယ်ဖြတ်သန်းလိုက်ပါတယ် ။
အုတ်နံရံကိုတွယ်တက်နိုင်တာ စပိုက်ဒါမဲန်းပဲ သိလား ။
ရန်ကုန်ထောင်ကြီးဆိုတာ တခါကတဘ၀တွေထဲ
ရှိခဲ့ဖူးတယ် ။
စံပြရောက်ရင် သိမ်ငယ်စရာမရှိတော့ဘူး ။
သရက်တောကျောင်းတိုက်ကြည့်လိုက် အရေးပေါ်သပိတ်တိုက်ကို
ပြန်လှန်ကြည့်လိုက် ။
ကိုလိုနီသက် ၁၀၀တန်း ဆယ့်ကိုးလမ်းဘက်က ဒီညဆက်ဆက်လာရမယ်ဆိုလို့
ငါးထောင်တန်ထောင်ပြလိုက်ပါတယ်။
သင်္ကြန်မှာ စီးကရက်ဝေတတ်တဲ့ တရုတ်တန်းမဏ္ဍပ်ကိုကျော်
ရင်
စစ်ကြီးမပြီးသေးတဲ့ ကလပ်သိမ်ကြီးဈေးဆိုတာ
ရောက်တယ် ။
ကိုယ့် ရန်ကုန်က
အဘမဲ့လည်း အမိ ဘယ်တော့မှမမဲ့ဘူး ။
ဘယ်ယောင်္ကျားမှ ကိုယ့်မိန်းမကိုယ်
အစိုးရလို မဆက်ဆံ ။
သားတော်တို့ကို အောင်စေပိုင်စေလမ်းပြပါ ဆူးလေဘိုးဘိုးကြီးခင်ဗျာ။ ။
ခိုင်မြဲကျော်စွာ
၂၃
- ၁၂ - ၂၀၁၄
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ၊ ၂၀၁၅ ခုနှစ်
No comments:
Post a Comment