ကလေးတစ်ယောက်ပဲ ယူရမယ် ဥပဒေ ကျွန်မ
မသိ
ဘို့ တစ်လုံးပဲရှိတဲ့ တရုတ်ယောင်္ကျားကို
ကျွှန်မမမြင်ဖူး
ရွှေလီတုန်းက တွေ့ ခဲ့တဲ့လူနဲ့ 
လက်က တက်တူးချင်းအတူတူ
ကြံခုတ်တဲ့အလုပ်မှာ ပိုက်ဆံကောင်းကောင်း ရတယ်ဆို
ကျွန်မမျက်တောင်ဟာ ဆီးနှင်းစက်ကို
တက္ကသိုလ်မှာ သင်ယူခဲ့တာမဟုတ်ဘူး
ကျွန်မ ဘယ်တော့ အိမ်ပြန်ရမယ်
ကျောက်စက်က မီးလျှံပဲ ပန်းထွက်လား
တူကို လှအောင် ထုတယ်
ငှက်တွေ ဘယ်ကွေ့  တယ်
မြေပုံပေါ်မှာ စက်ဝိုင်းနောက်တစ်ခု ဆွဲရ
ရှင့် သမီး ကို ကမ္ဘာပေါ် အပေါဆုံး
အပျော်ဂေဟာမှာ ရောင်းစားပစ်မယ် မကြိမ်ဆဲဖူးဘူး
စက်ဝိုင်းလာဖြတ်တဲ့ အမှတ်တစ်ခုတွေ့ လား
ကျွန်မကို ဟစ်တလာငထုံငအက အိပ်ရာပေါ်
ဆွဲတင်သွားတယ်
ယောင်္ကျားတွေဟာ သူတို့ တာဝန်ထမ်းရွက်ဖို ပျော်ပျော်ရွှင်ရွှင် အကြမ်းဖက်တာ
လှိုင်းလုံးဟာ ပေတစ်ရာထက် မြင့်တယ်
အဲဒီဘီရိုထဲက အန္တရာယ်ကင်းကင်းနဲ
့ ထွက်နိုင်မလား
ချစ်ရတဲ့ ဆူရောင်းအပြုံးလေးကို မစွန့် လွှတ်နိုင်ဘူး
ငါတို့  မျက်ရည်ကျလောက်တဲ့အထိစပ်တဲ့
ဂျပန်ခေါက်ဆွဲသွားစားကြမယ်
ပျော်ရွှင်မှုကို ကြည့်မှန်ထဲက
ဆွဲခေါ်ရခက်ပြီ
အာရုံကို စုစည်း စိတ်အေးအေးထား
နားထောင် သံရုံးကိုသွား
လုပ် ဒါကစားနေတာမဟုတ်ဘူး
ပြေးတော့
ဘီရိုထဲက ရှုးဖိနပ်ကြိုးတစ်ချောင်းပဲ
ယူခဲ့တယ်
ပြန်မတွေ့ နိုင်တော့တဲ့ ယောင်္ကျားအကြောင်းကို မျိုချ
ကျွန်မလက်နှိပ်ဓါတ်မီးထဲမှာ ဓါတ်ခဲဟာ ရှင်မဟုတ်တော့ဘူး
အမြန်ရထားရဲ့ အားနည်းချက်ဟာ အချိန်ကုန်မြန်တာလို
့တွေ့ ရှိတယ်
ဟာ မှန်းစမ်း
မမြင်ဘူးတဲ့ မျက်နှာတွေ ကြည့်ရတုန်းက
ရေငန်သလို
မြင်နေကျသစ်ရွက်ကို အိပ်မက်တဲ့အခါ တိမ်သားတွေပြာလာပါရဲ့ ။ ။
ခိုင်မြဲကျော်စွာ
၂၀၁၄
၊ နိုဝင်ဘာလ ၊ ဗြူးတီး မဂ္ဂဇင်း
No comments:
Post a Comment