ringtone
ဖောက်သည် ၁၀၀ ရှာနည်းစာအုပ်လှမ်းယူလိုက်တော့ မာရ်နတ်ရဲ့နတ်သမီး
ရုပ်ပုံနဲ့ ။
ကိုယ်အကဲဆတ်လွန်းတာ
ဆောရီးပဲ ။
အဲဒါ ။ ငါ့ခွေးပေါက်စလေး
မဟုတ်သေးဘူး ။
သူမဖုန်းဟာ Yes လို့
အမြဲတမ်းမြည်တဲ့ringtone နဲ့။
အဲဒါ ။ ငါ့အသက်မှာတော့
နာကျင်မှု ။
မယုံကြည်တဲ့ ဂျူရီ
၁၂ ယောက် မလိုဘူး ။
ကောင်မလေးဟာ အသားထုတ်လုပ်ရေးK okစက်ရုံက အလုပ်သမ ။
ကိုယ့်မှာ
မြေခွေးခန်းဆိုဖာထက်က
ပြေးကောက်ထွေးပွေ့မယ့်သူ ။ ဆေးတပ်သား ။
ringtone
ကတော့ အပြာရောင်သင်တုန်းဓါးနဲ့။
အပိုင်မရတဲ့ကိုယ်ကာယအတွက်
ဆောရီးပါ ။
မင်းခန္ဒာကိုယ်ဟာ ရေကူးကန်ဖြစ်တယ်
။
ငါက
ရူးနှမ်းနေတဲ့ ငါး ။
မမောတမ်းကူးခတ်ချင်လိုက်တာ မြစ်ကြီးနားမြစ်ဆုံ
ရောက်တဲ့ အထိ ။
နယ်ခြားမှတ်တိုင်နီးရင် ပြောပါ ။
မင်းringtone ပေါ် ကျရောက်မယ့်
ငါ့ဗုံးများအတွက်
လျော်ကြေးဘယ်လောက်ကျသင့်မလဲ
။ ဆိုတာ ။
မနက်လေးနာရီထိ ဆိုးလ်အခန်းမှာ မင်းသက္ကာယကျကွဲတယ် ။
အနမ်းကာအကျီ င်္
ယူမလား ။ K ok သီချင်းဆီက
ညှော်နံ့ထွက်ကျလာပြီလား ။
ကြက်သွန်ဖြူမဖြစ်စလောက်လေး
ထည့်ထားတဲ့ပိုက်ဆံကိတ်တိုင်း
မင်း ကြိုက်နှစ်သက်တာ
။
ဝင်သက်ထွက်သက်မှာ Yes လို့ အမြဲတမ်း
မြည်တယ်။
ပြာနှမ်းခြင်းလို့
ကိုယ်ယူဆတယ်။
တော်ဝင်စင်တာက ဥသြလှမ်းဆွဲတယ်
။
ရှင်အခု
အားလား ။
မိသားစုသံလမ်းပေါ်ပျက်နေတဲ့ မော်တော်ကား ။
အားရင် ကိုင်ထား ။ကျမ ဘရိတ်အုပ်
လိုက်
မယ် ။ ငါ လေယာဉ်ပျံပေါ်ကခုန်ချလို့မှမရတာ
။
ရှင်မအားရင် ကျွန်မringtone ကိုခေါက်သိမ်းပြီး ပြန်မယ် ။
ငါ သောက်သုံးကျလို့
မရတော့ဘူး။
သွားကြားထဲခိုးညပ်ချင်တဲ့
ချောကလက်ရေ ။
ဖန်ခွက်ထဲက၀ိုင်ကို မင်းရင်သားပေါ်
မှောက်
ချလိုက် ။
သူတော်စင်တွေက ကောင်းမှုရဲ့အရာရှိပဲ
။
ခေါင်းစဉ်ကို သူတို့သေးသေးလေးပဲ
ဖတ်ကြည့်တဲ့အခါ ။
ringtone မြည်သံမှာ ငါတစ်ယောက်ထဲ
သောက်စားပစ်လိုက်မယ်
။
ဘ၀င်မြင့်တယ်ဆိုတာ
ငါအနှစ်သက်ဆုံး မကောင်းမှု ။
မင်းခေါင်းအုံးက ဖာရိုဘုရင်ကိုတူးဖော်မိသလောက်အမြင့်ကြီး
မလိုအပ်ဘူး ။
ဖုန်း က
Yes လို့ အမြဲတမ်းမြည်တမ်းတယ်
။
နောက်ထပ်
ringtoneအသစ်သာ သဒ္ဒါစည်းကမ်းလို့
ပြောသူ။
ကိုယ့်စင်ဒရဲလားမီးပွိုင့်ကို
စိမ်းအောင်လုပ်ပေးပါလား မင်းသားလေးမြတ်မွန် ။ ။
ခိုင်မြဲကျော်စွာ
၁၃ - ၄ ၂၀၁၅