Wednesday, January 28, 2015



ငါးပြတိုက်ကြီးဝယ်ပေးပါလို့ လျှောက်ပြောနေတယ် လက်ဖ်တယ်နယ်ကြောင်

ခေါင်ရမ်းပန်းတွေ
စိတ်လိုလက်ရအရမ်းပွင့်တာပဲ
ကဲ လာကြ ဘူမိဗေဒဆိုင်ရာတွန်းအားမျိုးနဲ့ ညီအကို လို
လေးလေးနက်နက်အော်မယ် ။

ဓါတ်တိုင်မှာတွဲလောင်းချည်ထားတဲ့ မီးကျွမ်းလက်ပြတ်ကြီးကို
ရဲကင် လို့ခေါ်တယ် ပြောတယ်
ချက်နည်းပြုတ်နည်းအသစ်အဆန်းပေါ်ကို  လက်ခုတ်သြဘာသံတွေ
ပြိုကျလာတာ
ဖေဖေ သားဒီနားမှာမနေချင်တော့ဘူး အရမ်းပျော်တယ် ။

ပီယာနိုကိုကယ်တင်ရန်လို့ ကြောင်ကပြောပြီး ညနေ ၄ နာရီမှာ
အာဏာသိမ်းလိုက်တယ်
ကြောင်သောက်ရေခွက်ထဲ ရေဖြည့်တယ် ၊
အချိန်မှန်ပြီး နေရာမှားသွားတဲ့ကြောင်တွေ အန်ဒီဝါးဟိုးကိုပိတ်ကန်ပစ်ဖို့
ဝန်မလေးဘူး ။

ကလေးသစ်ကိုင်းတွေက စာသင်ခန်းအပြင်မှာ ဆိုးမြွေတောင်းသူလိုရပ်တန့် ၊
ကျူးကျော်တဲရဲ့ခေါင်မိုးများ နှုတ်ခမ်းပြာနှမ်း နေတယ် ၊
ပါးလှပ်လှပ် ဘောင်းဘီအမည်းကွက်လေးဝတ်ဆင်ထားတဲ့ တိုင်းပြည်မှာ ၊
ကျွန်တော့်အဖေ အမှိုက်ခွန်ဆောင်တဲ့ပိုက်ဆံတွေနဲ့ ခင်ဗျားကိုလစာပေးထားတာ
ပြောလဲ မရပ်ဘူး ။

ခင်ဗျားတို့ ကြောင်ဘုရားတွေ တော်တော်ခက်တာပဲ ၊
သူရဲဘောကြောင်ပြီး ဗုံးခွဲတယ် ၊ နောက်မှ စုံထောက်စာမေးပွဲလမ်းညွှန်စာအုပ်
ဖတ်တယ်ဆိုတာ
လစဉ်သွေးပေါ်မှုလို လိုအပ်တဲ့အလုပ်လို့ပြောကြ ၊
စိတ်ငြိမ်ဆေးပေးထားတဲ့ ရွေးကောက်ပွဲစာရွက်ကို လုံးချေပစ်လိုက်ပေါ့ ။

သူမရပ်နေတယ်
ဘင်္ဂလားပင်လယ်အော်ဘက်လှည့် ပစ္စည်းအပြည့်အစုံနဲ့ sexy post ပေးပြီး ၊
သူမညာဘက်တင်ပါးကို ဘင်္ဂါလီတွေက တို့ဆိတ်တယ်
ပခုံးသားနှစ်ဖက်ပေါ်က သစ်လုံးတွေ ခိုးထုတ်တယ်
လက်ဝဲဘက်ခြမ်းတစ်ခုလုံး လက်နက်ကိုင်တွေ ခိုးလှေတွေနဲ့ ဆေးမင်ကြောင်
ထိုးထားတာ သူတို့က သိပ်လှတယ်တဲ့ ။




  တော်တော့ ၊ ကြောင်မိဘဆိုတဲ့ ဒီလူတွေလက်သည်းကနေ လွတ်မြောက်ချင်တယ် ၊
ညစာစားပွဲမှာ ညစ်တီးညစ်ပတ် မက်ဆေ့ခ်ျတွေ တည်ခင်းတာမရပ်ရင်
ဆောင့်ကန်မိလိမ့်မယ်
ခင်ဗျားတကယ်ချစ်တာက ခင်ဗျားခွေးလေးဘရက်ကီကို ချစ်တာပဲမြင်ဖူးတာ ၊
ခင်ဗျားတို့ အမှိုက်စားပြီးသေလိုက် ။

အိမ်သာသုံးစက္ကူနဲ့ထုပ်ထားလဲ ဓါတ်ငွေ့ကရတဲ့ပိုက်ဆံက သိပ်လှတာပဲ
လက်ရှိစနစ်အတိုင်း ကိုယ့်နိုင်ငံကပဲ ကိုယ့်ကိုဒုက္ခသည်လို့ခေါ်ခံရတယ် ၊
အမှန်တရားကတော့
တစ်နေ့မှာ ရွေးကောက်ခံမယ့်စာကလေးတွေ ကျလာမှာ ။

စဉ်းစားတတ်တဲ့ကြောင်တစ်ကောင်
တွေးလိမ့်မယ်
ငါးပြတိုက်ထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်လဲ မရူးနှမ်းဖို့ကို ။         


ခိုင်မြဲကျော်စွာ
၁၆ - ၁၀ - ၂၀၁၄

(2015 /feb  - Idea magazine )


Thursday, January 15, 2015



ပရောဖက်  ဆာ  အသစ် အလို  ရှိသည်

မြို့ကြီးထဲမှာ မော်တော်ကားအားလုံး  ဖယ်ပစ်လိုက်ရင်
မီးပွိုင့်တွေ  ဘာဖြစ်သွားမယ် သိလား
ကမ္ဘာမြေကြီးပေါ်က  လူ အကုန်ထုတ်ပစ်လိုက်လို့
အစိုးရဆိုတာအားလုံး  အလုပ်လက်မဲ့ဖြစ်သွားသလို
နေမှာ ။
နာဇီတွေအတွက် ဒုံးပျံလုပ်ပေးတဲ့လူလို   ဒီတစ်ခါလဲ
လူ့အရိုးနဲ့လုပ်ထားတဲ့ ဝေပုလ္လတောင်ကို 
အလကားမရဘူး လူကြီးမင်းတို့ ။
ခေါင်မိုးကို ချိုးပစ်တဲ့နတ်ဘုရားတွေ
အအပ် မခံရသေးတဲ့ သက်တမ်းလွန် မြို့စားမင်း ၊ ကား
အပေါ်ဝတ်စိတ်ကစဉ့်ကလျားအကျီ င်္ ချွတ်လိုက်တော့
အားလုံးသာမာန်ပစ္စည်းပဲ။
သေနတ်တစ်လက်ကိုင်ထားတဲ့ ချက်ကောဖ့်နဲ့တွေ့ရင်
ATM စက်ရှေ့မှာမျက်နှာပြရုံနဲ့ ငွေစက္ကူတွေထွက်ကျလာတဲ့ ကိစ္စကို
သေပြီးနောက်ဘ၀လဲ ဒုတိယအကြိမ်အပစ်ခံရဦးမှာ။
စွန့်စားမှုချစ်တဲ့လူအတွက်  တူ မြှောက်ပြထားတဲ့ တရုတ် နတ်တစ်ပါးဟာ
အမြော်အမြင်ကြီးတဲ့ အရူးပါ
နောက်ထပ်အနုပညာကို ကာကွယ်ပေးနိုင်တာ အသစ်အဆန်းပြုလုပ်
သင်ကြားပေးခြင်းပဲ ။
အသက်ရှုနေတဲ့တန်ဆာတွေ ၊ ရှူးရှူးရှဲရှဲလုပ်တဲ့လူတွေနဲ့ ပရောဖက် ၊ ဆာ အဟောင်းအမြင်းတို့ကို ရှင်းပြတော့
ကဗျာသစ်ရှာဖွေတဲ့လူဟာ
မကောင်းဆိုးဝါးလေ့လာရေးပညာရှင်တွေနဲ့ တူတယ် ။
ကြယ်အသစ်ရှာဖွေတဲ့
ဟာဗယ်မှန်ပြောင်းငှားကြည့်လဲ အနုပညာကို မမြင်ရ ဘူးလား
အကိုင်းဆက်ထားတဲ့ကဗျာက သကြားဓါတ်လိုတယ် ဆန္ဒပြဖို့လိုတယ် 
ထင်နေလိမ့်မယ် ။
ချေးဌားထားတဲ့နိုင်ငံတစ်ခုမှာ
သွေးစုတ် ဖုတ်ကောင် ဥပဒေကို လက်ခံတဲ့မိန့်ခွန်းဟာ
အလက်ဇန္ဒရားဘုရင်အုပ်စိုးတုန်းက  သူစီးခဲ့တဲ့မြင်းထက်ပိုမြန်တဲ့အရာ
မရှိကြောင်း
လွတ်လပ်မှုခေါင်းလောင်းကို မြေမြှုပ်လိုက်သလိုလား ။
အိပ်ရာဘေးက အ၀တ်ဖိနပ်လို ခင်ဗျားသက်တမ်းတွန့်ကျေတဲ့အခါ
ကောင်းကင်ကို လူသစ်တွေကောက်ရတဲ့ ကြယ်နဲ့ တပ်ဆင် ပေးလိုက်ပါမယ် ။               

ခိုင်မြဲကျော်စွာ
(  ၂၃ - ၁၁ - ၂၀၁၄  )