Thursday, January 15, 2015



ပရောဖက်  ဆာ  အသစ် အလို  ရှိသည်

မြို့ကြီးထဲမှာ မော်တော်ကားအားလုံး  ဖယ်ပစ်လိုက်ရင်
မီးပွိုင့်တွေ  ဘာဖြစ်သွားမယ် သိလား
ကမ္ဘာမြေကြီးပေါ်က  လူ အကုန်ထုတ်ပစ်လိုက်လို့
အစိုးရဆိုတာအားလုံး  အလုပ်လက်မဲ့ဖြစ်သွားသလို
နေမှာ ။
နာဇီတွေအတွက် ဒုံးပျံလုပ်ပေးတဲ့လူလို   ဒီတစ်ခါလဲ
လူ့အရိုးနဲ့လုပ်ထားတဲ့ ဝေပုလ္လတောင်ကို 
အလကားမရဘူး လူကြီးမင်းတို့ ။
ခေါင်မိုးကို ချိုးပစ်တဲ့နတ်ဘုရားတွေ
အအပ် မခံရသေးတဲ့ သက်တမ်းလွန် မြို့စားမင်း ၊ ကား
အပေါ်ဝတ်စိတ်ကစဉ့်ကလျားအကျီ င်္ ချွတ်လိုက်တော့
အားလုံးသာမာန်ပစ္စည်းပဲ။
သေနတ်တစ်လက်ကိုင်ထားတဲ့ ချက်ကောဖ့်နဲ့တွေ့ရင်
ATM စက်ရှေ့မှာမျက်နှာပြရုံနဲ့ ငွေစက္ကူတွေထွက်ကျလာတဲ့ ကိစ္စကို
သေပြီးနောက်ဘ၀လဲ ဒုတိယအကြိမ်အပစ်ခံရဦးမှာ။
စွန့်စားမှုချစ်တဲ့လူအတွက်  တူ မြှောက်ပြထားတဲ့ တရုတ် နတ်တစ်ပါးဟာ
အမြော်အမြင်ကြီးတဲ့ အရူးပါ
နောက်ထပ်အနုပညာကို ကာကွယ်ပေးနိုင်တာ အသစ်အဆန်းပြုလုပ်
သင်ကြားပေးခြင်းပဲ ။
အသက်ရှုနေတဲ့တန်ဆာတွေ ၊ ရှူးရှူးရှဲရှဲလုပ်တဲ့လူတွေနဲ့ ပရောဖက် ၊ ဆာ အဟောင်းအမြင်းတို့ကို ရှင်းပြတော့
ကဗျာသစ်ရှာဖွေတဲ့လူဟာ
မကောင်းဆိုးဝါးလေ့လာရေးပညာရှင်တွေနဲ့ တူတယ် ။
ကြယ်အသစ်ရှာဖွေတဲ့
ဟာဗယ်မှန်ပြောင်းငှားကြည့်လဲ အနုပညာကို မမြင်ရ ဘူးလား
အကိုင်းဆက်ထားတဲ့ကဗျာက သကြားဓါတ်လိုတယ် ဆန္ဒပြဖို့လိုတယ် 
ထင်နေလိမ့်မယ် ။
ချေးဌားထားတဲ့နိုင်ငံတစ်ခုမှာ
သွေးစုတ် ဖုတ်ကောင် ဥပဒေကို လက်ခံတဲ့မိန့်ခွန်းဟာ
အလက်ဇန္ဒရားဘုရင်အုပ်စိုးတုန်းက  သူစီးခဲ့တဲ့မြင်းထက်ပိုမြန်တဲ့အရာ
မရှိကြောင်း
လွတ်လပ်မှုခေါင်းလောင်းကို မြေမြှုပ်လိုက်သလိုလား ။
အိပ်ရာဘေးက အ၀တ်ဖိနပ်လို ခင်ဗျားသက်တမ်းတွန့်ကျေတဲ့အခါ
ကောင်းကင်ကို လူသစ်တွေကောက်ရတဲ့ ကြယ်နဲ့ တပ်ဆင် ပေးလိုက်ပါမယ် ။               

ခိုင်မြဲကျော်စွာ
(  ၂၃ - ၁၁ - ၂၀၁၄  )

No comments:

Post a Comment