ဝံပုလွေတစ်ကောင်ရဲ့
ယုတ္တိဗေဒညစာ
သိပ်မလှတဲ့ငွေရောင်
အောက်မှာ
လူလားမြောက်ခြင်းသစ်တောထဲ ခုန်ချတယ် ။
သိပ္ပံစာသင်ခန်းတုန်းက ကောင်မလေးတစ်ယောက်ကို ပြောခဲ့တာလည်း
သတိမရတော့
ဓါတ်ခွဲခန်းကိုရွေးမလား ၀တ်လစ်စလစ် ကိုရွေးမလားဆိုတာ ။
စည်းမျဉ်းထဲမှာပြောတာတော့ ဆင်တပ်မြင်းတပ်နဲ့ကတဲ့အလုပ်လောက်
မခုန်ပေါက်ရဘူး ။
လက်ပတ်နာရီတွေကို
မစစ်ဆေးဘဲ
နှစ်ယောက်သား နာရီလက်တံ ၁၂နာရီ ၁၅ အနေအထားနဲ့ ။
စိတ်ရင်းကောင်းတဲ့
နှင်းတွေနဲ့
ရေဒီယိုဟာ
ငါးသေတ္တာဗူးလို အိပ်စက်လေတယ် ။
အပိုလို ၁၁ လကမ
္ဘာမရောက်ခင်ကထဲက ပျော်ရွှင်မှုကို
လူသားတို့ အပိုင်ရပြီးသားမှာ
မြက်ခင်းအသစ်
ခန်းဆီးအသစ် ဆိုဖာအသစ် ဘိုထိုင်အိမ်သာအသစ်ထက်
သစ်ဆန်းအောင် နမ်းမှုပြုတယ်
။
မနက်ခင်းရောက်တော့
သိပ်မြင့်တဲ့တောင် သိပ်ကြမ်းတမ်းတဲ့ပင်လယ်မတွေ့ရဘူး
ကျွန်တော့်ဗုံလည်း
သူ့နေရာနဲ့ သူ ။ ။
ခိုင်မြဲကျော်စွာ
၁၉ - ၁၀ - ၂၀၁၄