Friday, October 17, 2014
ငှက်လှောင်အိမ်တစ်ခု ကို ကဲ့ရဲ့ခြင်း
လည်ပတ်အနီပါတ်ထားတဲ့ ကြောင်စာဗူးဖေါက်လိုက်ပြီးမှ
ဂျွန်ထရာဗိုလ်တာ ဟာ
တီကောင်ဖြစ်မှန်း သတိရမိ ။
သူတို့ကပြောတယ်
ဌာနချုပ်ကို မော့ မော့ကြည့်နေရလို့ ဆင်းရဲသားဦးထုပ်ကို ပက်လက်လှန်
မောင်းလို့မရဘူး ၊
အိမ်ဖြူတော်က လိုလားရင် ချစ်လို့မရဘူး ၊
တစ်ကမ္ဘာလုံးကြိုက်တဲ့ စုန်းမ အလိုမရှိ ။
ကြဲချနေတဲ့ငါးကြော်ဟာ တစ်နေ့ မမြဲတာ
လွတ်တော်ကို ညှစ်ချရင် နွားနို့ထွက်တာ နဲ့
ငြိမ်းချမ်းရေးခိုတွေ ရုံးခန်းထဲအပြည့် ရောက်လာတာမျိုး
ကိုယ်လည်း သိတယ် ၊ ကေလက်ဆတ်ယာသီလည်း သိတယ်
အခုအချိန်ကစပြီး
ပုံပြင်ထဲကကောင်းကင်ဘုံရောက်တဲ့ ဂျက် ရဲ့ ပဲနွယ်ပင်လို
ဖော်မြူလာကောင်း လုပ်ရမှာ ၊
နမ်းပါ အမေဇုန်မိုးသစ်တောကိုနမ်းပါ ၊ ပျောက်ကွယ်တော့မယ့်
ဆုမားတြားကျားမျိုးစိတ်ကိုနမ်းပါ ၊ တရားတဘောင်ကို နမ်းပါ
အဲဒီအချိန်မှာ
အဲဒီငှက်လှောင်အိမ်နောက်က ပျံဝဲလွယ်တဲ့ငှက်တစ်ကောင်ကိုသာ နမ်း ။ ။
ခိုင်မြဲကျော်စွာ
( ၁၆ - ၁၀ - ၂၀၁၄ )
Labels:
Unpublished Poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment