ငါ့ ပထ၀ီဝင်
ငါ့သွေးထွက်သံယိုလက်ပတ်နာရီကို
သူ မောင်းတယ်
ငါ ကုလသမဂ္ဂသွားအလှပြင်ဆိုင်မှာ မေးခွန်းအဖြစ်ရော ဆရာဝန်အဖြစ်ပါ နေသားကျနေ
ငါ့နန်းတော်ဟာ ရှေးကျပြီးရက်စက်ကြမ်းကြုတ်တဲ့ ကုဗတုံးလို့ဆိုပါတော့
ငါက စကြ၀ဠာမှာ ကလေးစက်ဘီးရှာပြီး ငြိမ်းချမ်းရေးနောက်လိုက်နေသူ
ငါ့ ဘာဆုချမလဲ ဘာသာရေးပါတီပွဲ ပြီးတော့ အမုန်းစကားCD ပလေယာ
ငါ့ရန်သူကို ခေါ်ဖို့ အိမ်နီးနားချင်းထဲက
ထွက်လာတယ်
ငါ့စတုရန်းမိုင်က ၅ သိန်းကျယ်တဲ့
တက္ကဆက်ထက်တောင် ၂ ဆလောက်
ရင်ကြပ်ဦးမယ်
ငါ တိန့်ယန်မင်ရောက်တယ် လီနင်အုတ်ဂူတွေးရင်း မီးခြစ်ဆံချောင်းလောက်
သိမ်ငယ်တုန်းက
ငါ ကြိုးတစ်ချောင်းလုပ်ဦး မှာ
ငါ့တိုင်းပြည်က ကောင်းကောင်းမွန်မွန်မကြီးပြင်းခဲ့ရလို့
တပတ်ရစ်ဘုရင်ကြီးကို
ဒီမိုကရက်တစ်ဓါတ်တိုင်မှာ ပြန်ချည်ပေးဖို့
ငါ့အသက်က ၂၅ကျပ်ပဲ ကျန်တော့တယ် အိမ်စောင့်အစိုးရအိမ်ကွင်းဆီကို
ငါ့ကိုယ်မှာ မြေပဲထောပတ်သုတ်ပြီး ကနေလောက်အောင် ပျော်ချင်တာ
မြင်နိုင်ပါဦးမလား
ငါ့စိတ်လှုပ်ရှားပြီး မောက်မာနေသူကြွက်သားထကြွနေပုံမျိုးနဲ့
ငါ ဆေးဖရောင်းတိုင်ထွန်းလိုက်ရင် ထီးဆောင်းခြင်း
အဓိပ္ပါယ်ဖွင့်ပြဖို့
အစေခံခန့်ပေး ကြရမှာ
ငါ အပြောင်းအလဲဆီခုတ်မောင်းတယ် ပန်းကန်ပြားပျံတစ်စင်းထွက်လာတယ်
ငါ့ခိုတွေ နေ့တိုင်း လန်ပျံနေတာပဲ
ခိုင်မြဲကျော်စွာ
၈
- ၁၀ - ၂၀၁၄
Photo Design : Zaw Ye Myint
No comments:
Post a Comment