ချေ ကမ္မ၀ါ ဖတ် ခြင်း
ဦးမြင့်အောင်
accepted လုပ်တော့ ညနေ ၆နာရီ ၃ ၉
တစ်နေ
့လုံး စကားလုံးတစ်လုံးပဲ အနံ့ ရတယ်
ဒီနေ
့ဟာ အုတ်ခဲကြိုး အရောင်
ရဲဘော်ချေဂွေဗားရားက
ကမ္မ၀ါဖတ်မောင်းထုတ်ကြရအောင် တဲ့
ထောင်ထားတဲ့ ဗုံးတစ်လုံး
Trader မှာတွေ့ တယ်
ထိတ်လန့် ခြင်းက ရင်သားတွေ
သိပ်လှတာပဲ
Western parkမှာ ဘီယာမှာသောက်တာ နောက်တစ်လုံး
မီးစုန်းကို ဂွနဲ
့ ကြပ်ပေးတဲ့ပုံပေါ့
စကိတ်အပြားပေါ်ကို
ကြည့်ကြည့်နေရတယ်
ရုံးချိန်းကြောင့်
တိမ်တွေတစ်ချိန်လုံး ပြာနှမ်းတာကို
ကျောင်းခေါင်မိုးတွေ
ဘယ်သူပြန်မိုးပေးမယ်
ငါလဲမသိ အပါးလဲမသိ
ပြင်သစ်တွေ ဘယ်လဂျီယံတွေကို
မုန်းတီးသလို
အရွယ်ရောက်ပြီးသူ
ဘယ်သူလဲ
မင့်လည်ပင်း ညှစ်ထားသူပေါ့
ယာဉ်ထိန်းရဲ ချထားရတဲ့
စွပ်စွဲမှုများ အတွက်
အနုပညာရှင်တွေ ထိုင်တော
့ကဖေးဆိုင်လဲ ကမ္ဘာကျော်ရ
လက်ဝဲဆန်ဆန် ဆန်ပြုတ်ဆိုင်
ထိုင်ဟေ့
လက်ယာပယောဂ နဲ့  စကတ်တို
ဝတ်ကြ
ငါတို့ ဟာ ပြည်တွင်းစစ်သေးအိုင်ထဲမျောတဲ့ ပုရွက်ဆိတ်တွေ
သတင်းစာက ပန်းပွင့်ပြတယ်
ဘုရင်တွေက ကော်ရှုတယ်
ဘုရင်မတွေက အကျဉ်းထောင်ကို နို့ လှန်တိုက်ရ
မြင်းရုပ်တွေက မျက်ရည်ယိုဘူးရဲအဓိပ္ပါယ်
တို့ တကယ်ပိုင်တဲ့မြေဟာ
ပန်းအိုးထဲမှာပဲရှိပါတယ်
ဖမ်းမိခဲ့တဲ့ ပြည့်တန်ဆာအခန်းဟာ
နောက်ကွယ်မှာ နေရှင်နယ်မီနူး ထိန်ညီးညီးတောက်ပလျှက်
အစ္စရေးနည်းတူ စပိုင်ဘောင်းဘီ ၀တ်ချင်တယ် ခင်ဗျား ဘားနည်းနည်းလျော့ပါ
ဖန်သားပြင်ပေါ်မှာ
ဆင်တစ်ကောင် ဖြတ်သွားတာမြင်ရ
ခင်ဗျား ဘားနည်းနည်းလျော့ပါ
သခင်ကိုယ်တော်မှိုင်းဟာ
အရှင်နှစ်ပါး ဘီရိုလှည်းပေါ် ဖမ်းခေါ်သွားတာမြင်ခဲ့ရ
ခင်ဗျား ဘားနည်းနည်းလျော့ပါ
သူ မစီးတော့ရင် မြန်မာပြည်ဟာ ရွှေဖလားရမယ့်မြင်းဖြစ်မှာ
ကမ္ဘာမှာ အရောင်းရဆုံး
အမှတ်တံဆိပ် ဟာ
ရဲဘော် ချေ ရုပ်ပုံနဲ
့ တော်လှန်ရေးချောကလက်ဖြစ်တယ် ။ ။
( ၁၆ ။ ၁၀ ။ ၂၀၁၃
)
No comments:
Post a Comment