လူမိုက် / လူလိမ္မာ
/ သွားကိုက်ရောဂါရွေးခြယ်ခြင်း
သွားကိုက်ရောဂါဟာ
ရန်ပြုလာတယ်
တရားရုံးရှေ့ တန်းစီရပ်ထားတဲ့တင့်ကားနဲ
့
ဆန္ဒပြသမားပွတ်တိုက်သလိုပဲတဲ့
အချစ်ရေ ၊ ကိုယ့်အံဆုံး
ဘေးသွားက သိပ်ဆိုးတာ
ကိုယ့်လယ်သိမ်းသွားတဲ့လူကို သတင်းစာထဲမှာ မြင်မိတိုင်းလို
နာကျင်ရလား
ဘ၀လည်း အရင်အတိုင်း
အရင်းက ပြန်စနေရတာပါကွာ
ဈေးပေါပေါနဲ့  ငါ့နောက်လိုက်ခဲ့သီအိုရီကို
စားပွဲထိုးတယ်
ကိုယ့်ကိုယ်ကိုယ်မယုံကြည်တာနဲ
့အစိုးရကအေးစက်တယ်
နားလည်လို့ ရတဲ့အရာတွေကို တစ်နေကုန်ထိုင်နားလည်ပေးရင်း
အိပ်ငိုက်နေတဲ့ဆိုင်ကယ်သမားပါ ရပ်ထားတဲ့သစ်လုံးတင်ကားတွေ့ မှာ
သိပ်ကြောက်တာ
တံဆိပ်တုံးများကို တယ်လီဖုန်းထဲ
ပစ်သွင်းကြ
ပိုကောင်းတဲ့ ဒိုင်နိုဆောလာပါစေလို့  ဆုတောင်းထားလား
နောက်လာမယ့်အစိုးရသစ်ရဲ့  ခရင်သိပ်များတဲ့ ကတိတွေက
ချောင်းဆိုးလိမ့်မယ်
အနုမြူဗုံးလည်းတစ်နေ
့ငါတို့ မြို့ပေါ်ကျလာနိုင်တယ်
လူမိုက်က ပစ္စုပ္ပန်ဘ၀ရယ်အနာဂတ်ဘ၀ရယ် ဆက်အောင်လုပ်တာ
လူလိမ္မာဟာ ပစ္စုပ္ပန်ဘ၀နဲ
့ ပြတ်အောင်လုပ်ချင်
သူတို့  အသားတုံးရှေ
့မှာ သူတို့  အသားတုံးတွေ တန်းစီနေတာ
မောလို့ လားကွာ တဲ့
ပိုက်ဆံက ကတိထက်ပြစ်တယ်
သွားကိုက်ရောဂါနဲ
့ တော်တဲ့ဖိနပ်ကိုသာ ရွေးချယ်ဖြစ်ကြ
နေရာတိုင်းကကျောက်ခဲဟာ
ဒီမနက်လည်းကျောက်ခဲပဲရှိကြသေးပါရဲ့  ။
။
No comments:
Post a Comment